“KBZPay ရဲ့ Cupid” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ “KBZPay ရဲ့ Cupid” Campaign သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ KBZPay အဆင့် ၁ Customer များသည် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင် နိုင်မည်ဖြစ်ပါသည်။ 

၃။ Campaign ကာလအတွင်း  KBZPay မှ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား KBZPay Customer များမှ ပြီးမြောက်အောင်ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ခဲခြစ်ကတ်ရရှိမည်ဖြစ်ပြီး  လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • KBZPay နဲ့ ရှင်းမယ် (KBZPay ဖြင့် ၅,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေပေးချေပြီး ခဲခြစ်ကတ်တစ်ခု ရယူပါ)
  • KBZPay သို့ ငွေသွင်းမယ် (KBZPay သို့ ၅,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေထည့်ပြီး ခဲခြစ်ကတ်တစ်ခု ရယူပါ)
  • KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူအသစ်ဖိတ်ခေါ်မယ် (KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူအသစ်ဖိတ်ခေါ်ပြီး ခဲခြစ်ကတ်တစ်ခု ရယူပါ)

၄။ KBZPay Customer တစ်ဦးသည် လုပ်ဆောင်ချက်များအား တစ်နေ့လျှင် အောက်ပါ သတ်မှတ်ချက်အတိုင်း ပြုလုပ်ပါက ခဲခြစ်ကတ်ရရှိနိုင်ပြီး သတ်မှတ် အရေအတွက် ကျော်လွန်သော လုပ်ဆောင်ချက်များအတွက် ခဲခြစ်ကတ် ရရှိနိုင်မည် မဟုတ်ပါ။

  • KBZPay နဲ့ ရှင်းမယ် (တစ်နေ့လျှင် ၄ကြိမ်အထိ)
  • KBZPay သို့ ငွေသွင်းမယ် (တစ်နေ့လျှင် ၄ကြိမ်အထိ)
  • KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူအသစ်ဖိတ်ခေါ်မယ် (အကြိမ်အရေအတွက် အကန့်အသတ်မရှိ)

 ၅။ လုပ်ဆောင်ချက်တစ်ခုပြီးမြောက်သည့်အခါတိုင်း ခဲခြစ်ကတ်တစ်ခု ရရှိမှာဖြစ်ပြီး ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ်တွင် ပါဝင်သော ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၁၀သိန်းကျပ် ပြန်အမ်းငွေ (အထူးဆု)
  • ၁၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၁,၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ၂,၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ၃,၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ၅၀၀ ကျပ် ပြန်အမ်းငွေ
  • Thank You တို့ဖြစ်ပါတယ်။ 

၆။ KBZPay Customer များသည် ရရှိလာသော ကူပွန်တစ်ခုအား ဝယ်ယူမှုတစ်ခုအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းကူပွန်များအား ပြန်လည် အသုံးပြုရာတွင် အောက်ဖော်ပြပါ အနည်းဆုံး ပမာဏအတိုင်း ဝယ်ယူရန်လိုအပ်ပါသည်။

  • ၁၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၂,၀၀၀ ကျပ်
  • ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၃,၀၀၀ ကျပ်
  • ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၃,၀၀၀ ကျပ်
  • ၁,၀၀၀ ကျပ်တန် KBZPay Market ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၁၀,၀၀၀ ကျပ်
  • ၂,၀၀၀ ကျပ်တန် KBZPay Market ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၂၀,၀၀၀ ကျပ်
  • ၃,၀၀၀ ကျပ်တန် KBZPay Market ကူပွန်တစ်စောင် အတွက် အနည်းဆုံး ၃၀,၀၀၀ ကျပ်

၇။ ရရှိလာသော  ပြန်အမ်းငွေများအား KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်း ထည့်သွင်းပေး သွားမည် ဖြစ်ပြီး ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး ၎င်းရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင် တော့မည်မဟုတ်ပါ။ ပြန်အမ်းငွေများအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် လျှော့‌စျေးကူပွန်များနှင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။

၈။ KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူအသစ်ဖိတ်ခေါ်သည့် လုပ်ဆောင်ချက်တွင် အဖိတ်ခေါ်ခံရသူမှ KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အောင်မြင်စွာ ဖွင့်လှစ်နိုင်ပါက ဖိတ်ခေါ်သူသည် ၁,၅၀၀ကျပ် ပြန်အမ်းငွေနှင့် ခဲခြစ်ကတ်တစ်ခုလည်း ရရှိနိုင်မည်ဖြစ်သည်။ 

၉။ ဤ Campaign အရ ကူပွန်ရရှိထားသူများနှင့် နေ့စဉ်အထူးဆု လက်ဆောင်ရရှိသူများသည် ၎င်းတို့ ရရှိသောကူပွန်များနှင့် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၀။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၁။ ဤ Campaign ကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များ အား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၇)  တွင် ဖော်ပြချက်နှင့်အညီ လက်ခံ ရရှိပြီး (၇) ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၂။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံ မည် မဟုတ်ပါ။

၁၃။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၆။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။