“ KBZPayနဲ့ ခရီးသွားမယ်” အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay စက်တင်ဘာလ ၁၂ရက်နေ့မှ အောက်တိုဘာလ ၁၁ရက်နေ့ ၂၀၂၃ခုနှစ်အထိကို “KBZPayနဲ့ ခရီးသွားမယ်” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု programတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် program တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၃.၀ .၃ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤ program ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး programကာလအတွင်း KBZPay၏ “ခရီးသွား”အောက်တွင် ရှိသော “ Flymya၊ Oway၊ MMBus Ticket၊ Shwe Booking၊ ငုဝါမှ” ဖြစ်စေ၊ ထိုMerchant များ၏ကိုယ်ပိုင် အက်ပလီကေးရှင်းများ မှဖြစ်စေ၊ ၎င်းတို့၏ ဝက်ဘ်ဆိုက်မှဖြစ်စေ KBZPay ဖြင့်ငွေပေးချေမှု တစ်ကြောင်းအတွက် (အသုံးပြုသူ၏ ဝယ်ယူသည့်ပမာဏပေါ်မူတည်၍)  Normal Spin Wheel သို့မဟုတ် Premium Spin Wheel လှည့်ခွင့် ရရှိပြီး Samsung Galaxy Tab A8၊ ပြန်အမ်းငွေများနှင့် လျော့ဈေးကူပွန်များအား ကံစမ်းနိုင်ရန်ရည်ရွယ်ပါသည်။

၄။ အသုံးပြုသူများသည် ဤ program ကာလအတွင်း ခရီးစဉ်လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များ (သို့) ကားလက်မှတ်များအား ပမာဏ  ၂၀,၀၀၀ကျပ်နှင့်အထက် ဝယ်ယူပြီးတိုင်း Normal Spin Wheel တစ်ကြိမ်လှည့်ခွင့် ရရှိမည်ဖြစ်ပြီး ပမာဏ  ၁၀၀,၀၀၀ကျပ်နှင့်အထက် ဝယ်ယူပြီးတိုင်း Premium Spin Wheel တစ်ကြိမ်လှည့်ခွင့်ရရှိမည်ဖြစ်သည်။ သတ်မှတ်ပမာဏပြည့်မှီသည့် ဝယ်ယူပေးချေမှု Transaction တစ်ကြောင်းအတွက် Spin Wheel တစ်ကြိမ်သာ လှည့်ခွင့်ရှိမည်ဖြစ်သည်။ 

၅။ ထို့အပြင်  Normal Spin Wheelအား ငါးကြိမ်မြောက် လှည့်လည်ခွင့် ရရှိသူများအနေနှင့် ၎င်း၏ ငွေပေးချေမှု ငါးကြိမ်မြောက်တွင် Premium Spin Wheel တစ်ကြိမ်လှည့်ခွင့်ရရှိမည်ဖြစ်သည်။ သို့ရာတွင် အရှေ့တွင် ရရှိထားသော Normal Spin Wheel လေးကြိမ်စလုံးအား လှည့်လည်ထားရန် လိုအပ်ပါသည်။ အရှေ့တွင် ရရှိထားသော Normal Spin Wheel လေးကြိမ်စလုံးတွင် တစ်ကြိမ်မလှည့်လည်ထားပါက ငွေပေးချေမှု ငါးကြိမ်မြောက်တွင် Normal Spin Wheelလှည့်လည်ခွင့်သာ ရရှိနိုင်မည်ဖြစ်သည်။

၆။ KBZPay အသုံးပြုသူတစ်ဦးလျှင် အစီအစဉ်ကာလအတွင်း Normal Spin Wheelအား ၁၅ကြိမ်အထိ Spin wheelလှည့်ခွင့်  ရရှိနိုင်မည်ဖြစ်ပြီး Premium Spin Wheelအား ၁၀ကြိမ်အထိ Spin wheelလှည့်ခွင့် ရရှိနိုင်ပါသည်။ ထို့ပြင် ငွေပေးချေမှု ငါးကြိမ်မြောက်တွင် ရရှိလာမည့် Premium Spin Wheelကိုမူ အစီအစဉ်ကာလအတွင်း ၃ကြိမ်အထိ ရရှိနိုင်မည်ဖြစ်သည်။

၇။ Normal Spin Wheel တွင် ပါဝင်သော ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၁,၀၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်
  • ၃,၀၀၀ ကျပ်တန် ခရီးသွားကူပွန်
  • ၅,၀၀၀ ကျပ်တန် ခရီးသွားကူပွန်
  • ၃,၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ကျေးဇူးတင်ပါသည်

Premium Spin Wheel တွင် ပါဝင်သော ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • Samsung Tab A8
  • ၁,၀၀၀ ကျပ် ပြန်အမ်းငွေ
  • ၅,၀၀၀ ကျပ် ပြန်အမ်းငွေ
  • ၁,၀၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၂,၀၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်

၈။ Spin Wheel လှည့်ပြီး ရရှိလာသော ပြန်အမ်းငွေအား ကံထူးသူKBZPay အသုံးပြုသူ၏  KBZPay wallet များထံသို့ ပြန်အမ်းငွေများအား ချက်ချင်း တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ခရီးသွား ကူပွန်များရရှိလျှင် Flymya၊ Oway၊ MMBus Ticket၊ Shwe Booking နှင့် ငုဝါ ၏ လေကြောင်းခရီးစဉ် လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များ (သို့) ကားလက်မှတ်များအား နောက်တစ်ကြိမ်ဝယ်ယူရာတွင် အသုံးပြုနိုင်ပြီး လျှော့ဈေးကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ပြန်အမ်းငွေအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း ဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက်ကျော်လွန်သည့်ကိစ္စရပ်များကြောင့် ပြန်အမ်းငွေထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါသည်။ KBZPay အသုံးပြုသူများအနေဖြင့် ခရီးသွား ငွေပေးချေမှု တစ်ကြောင်းအတွက် ကူပွန်တစ်စောင်သာ အသုံးပြုခွင့်ရမည် ဖြစ်သည်။ KBZPay အသုံးပြုသူများအနေဖြင့် လျှော့စျေး ကူပွန်များအား ပြန်လည်အသုံးပြုလိုပါကဝယ်ယူမှုပမာဏသည် အောက်ပါ အနည်းဆုံးပမာဏသတ်မှတ်ချက်အားပြည့်မှီရန် လိုအပ်ပါသည်။

  • ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်အတွက် အနည်းဆုံး ၅,၀၀၀ကျပ်
  • ၁,၀၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်
  • ၃,၀၀၀ ကျပ်တန် ခရီးသွားကူပွန်အတွက် အနည်းဆုံး ၇၀,၀၀၀ကျပ်
  • ၅,၀၀၀ ကျပ်တန် ခရီးသွားကူပွန်အတွက် အနည်းဆုံး ၁၀၀,၀၀၀ကျပ်
  • ၃,၀၀၀ ကျပ်တန် KBZPay Market ကူပွန်အတွက် အနည်းဆုံး ၃၀,၀၀၀ကျပ်
  • ၁,၀၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်
  • ၂,၀၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်အတွက် အနည်းဆုံး ၂၀,၀၀၀ကျပ်

၉။ ဖုန်းဘေလ်ဖြည့်ကူပွန်၊ ဘေလ်ပေးဆောင်ခြင်းကူပွန်နှင့် KBZPay Market ကူပွန်အား အသုံးပြုနိုင်သည့်သက်တမ်းမှာ အသုံးပြုသူလက်ခံရရှိသည့်နေ့ရက်မှစ၍ (၇)ရက် အတွင်း အသုံးပြုနိုင် မည်ဖြစ်သည်။ ခရီးသွားကူပွန်အား အသုံးပြုနိုင်သည့် သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှစ၍ (၁၅)ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်သွားပါက အသုံးပြုနိုင် တော့မည် မဟုတ်ပါ။

၁၀။ KBZPay အသုံးပြုသူများအနေဖြင့် လေကြောင်းခရီးစဉ်လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များ (သို့) ကားလက်မှတ်များ  အောင်မြင်စွာဝယ်ယူပြီးပါက ရရှိလာသော Normal Spin Wheelနှင့်/သို့မဟုတ် Premium Spin Wheel လှည့်ခွင့်အား ဤprogramကာလအတွင်း မည့်သည့်အချိန်မဆို လှည့်ခွင့်ရှိပါသည်။

၁၁။ ဤprogram အရ ကူပွန် ရရှိထားသူများနှင့် Samsung Galaxy Tab A8 ဆုလက်‌ဆောင် ရရှိသူသည် ၎င်းတို့ရရှိသောကူပွန်များနှင့် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။

၁၂။ Samsung Galaxy Tab A8 ကံထူးသောဆုရရှိသူကို  KBZPay မှ SMS ပေးပို့၍ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့် လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။ 

၁၃။ Samsung Galaxy Tab A8 အား ပိုင်ဆိုင်ခွင့်ရရှိသည့် ဆုရရှိသူသည် ဆုလက်ဆောင်အား ရုံးဖွင့်ရက် (၇)ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူ ရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက KBZPay မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၄။ ဤ program ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ program ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ program ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် program ကာလပြီးဆုံးသော်လည်း အပိုဒ် (၉) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၅။ KBZ ဝန်ထမ်းများသည် program တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၆။ ဤ program ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၇။ ဤ program နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၈။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် program အား ပယ်ဖျက်ခွင့် နှင့် program နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၉။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ program အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၂၀။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် Flymya၊ Oway၊ MMBus Ticket၊ Shwe Booking၊ ငုဝါတို့၏ စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။